How to Laundry???




<<<<<  Let Us Handle All of your Dirty Clothes!  >>>>>


How to Laundry???









Detergent
(Powder, Cream, Bar Soap)
အ၀တ်အထည်များကို လျှော်ဖွတ်ရန်အတွက်  အစွန်းအထင်းအညစ်အကြေးများကို ထိထိရောက်ရောက်သန့်စင်ပေးနိုင်ပြီး အ၀တ်အထည်များကို  မွှေးရနံ့သင်းပျံ့စေသည့် ဆပ်ပြာမှုန့်၊ ဆပ်ပြာခရင်မ်နှင့်  ဆပ်ပြာခဲများကို အသုံးပြုရပါမည်။


Softner
အ၀တ်အထည်များကို နူးညံ့မှုရှိစေရန် အသုံးပြုနိုင်သော အထည်ပျော့ဆေးဖြစ်ပြီး အ၀တ်အထည်များဆွေး ခြင်း၊ အရောင်ကျွတ်ခြင်းတို့ မဖြစ်စေနိုင်ပါ၊ Softner ကို အသုံးပြုထားသည့် အထည်များသည် မီးပူတိုက်ရ လွယ်ကူပြီး ပိုမိုသစ်လွင်တောက်ပစေနိုင်ပါသည်။  အသုံးပြုပုံမှာ  အ၀တ်အစားများ လျှော်ဖွတ်ပြီး နောက်ဆုံး ရေတွင် Softner ကို ထည့်သုံးရန်ဖြစ်ပြီး ရေပြန်ဆေးရည်မလိုပါ။ သင်းပျံ့သော ရနံ့ပါဝင်သော ကြောင့် ၀တ်ဆင်ထားချိန်တွင် စိတ်ကို ကြည်လင်လန်းဆန်းစေပြီး အ၀တ်အစားများကို စတိုင်ကျကျသေသပ်စွာ ၀တ်ဆင်လိုသူများအတွက် အလွန်ပင်အသုံးဝင် အဆင်ပြေစေမည်ဖြစ်ပါသည်။

Starch 
မိုးရာသီတွင်လုံလောက်သော နေရောင် မရပဲ လေအေးနှင့်သာ ခြောက်သွေ့ရသော အ၀တ်အထည်များ ၏ အောက်သိုးသိုးအနံ့များ ပျောက်ကင်းစေရန် လည်ကောင်း၊ ကြေလွယ်သော အ၀တ်အထည်များကို မီးပူတိုက်ရာတွင် ရေစွတ်ရ၊ ကော်တင်ရသည့် ကရိကထများမှ ကင်းဝေးစေရန်လည်းကောင်း၊ Starch ကို အသုံးပြုနိုင်ပါသည်။ အ၀တ်ဖြန်းကော်ရည်သည် မီးပူတိုက်ရာတွင် စေးကပ်ကပ်မဖြစ်စေ ဘဲ သင်၏ အ၀တ်အစားများကို မွှေးပျံသပ်ရပ်ပြီး အတွန့်အကြေများ  ကင်းစင်စေမည်ဖြစ်ပါသည်။

Indigo
လျှော်ဖွတ်ပြီးသား အဖြူရောင်အ၀တ်များအတွက် မဲနယ်ကို ရေတွင်ဖျော်၍ အသုံးပြုပေးခြင်းဖြင့် အ၀တ်များ ကို အရောင်တောက်ပစေပါသည်။

Bleach
စွန်းထင်ပေကျန်နေသော အ၀တ်အထည်များကို ဖြူစင်သွားစေရန် အစွန်းချွတ်ဆေးကို အသုံးပြုနိုင်ပြီး အညစ်အကြေးများကိုလည်း အားစိုက်စရာမလိုဘဲ အလွယ်တကူ သန့်စင်စေနိုင်ပါသည်။

Laundry Box
မိမိအ၀တ်အထည်များကို သိမ်းဆည်းရန်အတွက် အဖုံးပါရှိသော Laundry Box များကို အသုံးပြုနိုင်ပါသည်။
Laundry Net
အ၀တ်လျှော်အိတ်သည် အ၀တ်အထည်များအား အ၀တ်လျှော်စက်ဖြင့် လျှော်ပါက ၄င်းအိတ်အတွင်းသို့ အ၀တ်အစားများကို ထည့်ပြီးမှ စက်အတွင်းထည့်လျှော်ရန်ဖြစ်ပါသည်။ အ၀တ်အထည်များကို စက်အတွင်းသို့ တိုက်ရိုက်မထည့်ပဲ ၄င်းအိတ်အတွင်းသို့ ထည့်ပြီးမှလျှော်ခြင်းဖြင့် စက်မှ နယ်သည့်ဒဏ်ကို အ၀တ်တွင် တိုက်ရိုက်မသက်ရောက်စေဘဲ သန့်စင်လျှော်ဖွတ်နိုင်သဖြင့် တန်ဖိုးကြီးအ၀တ်အစားနှင့် ပိုးသား၊ ဖဲသားကဲ့သို့ ပါးလွှားနူးညံသော အထည်များ လျှော်သည့်အခါတွင် အထူးအသုံးဝင်ပါသည်။

Washing Machine Cover
အ၀တ်လျှော်စက်ညစ်ပေခြင်းမှ ကာကွယ်ရန် Washing Machine Cover ကို အသုံးပြုနိုင်ပါသည်။ အလွယ်တကူတပ်ဆင်ဖြုတ်ခွာနိုင်ပြီး လျှော်ဖွတ်ရန်လည်း လွယ်ကူပါသည်။

Cloth Pegs, Hanger, Line
အ၀တ်များလျှော်ဖွတ်ပြီး အ၀တ်တန်း၌လှန်းလျှင် အ၀တ်များလွင့်စင်ပြုတ်ကျမသွားစေရန် အ၀တ်လှန်းချိတ် ကလစ်၊ အ၀တ်ချိတ်များကို အသုံးပြုနိုင်ပါသည်။ အ၀တ်ချိတ်များဖြင့် လှန်းခြင်းဖြင့် အ၀တ်အစားများကို  တွန့်ကြေညစ်ပတ်ခြင်းမှ ကာကွယ်နိုင်ပါသည်။ အ၀တ်အထည်များလျှော်ဖွတ်ပြီး အ၀တ်များလှန်းမည်ဆို လျှင် မရှိမဖြစ်လိုအပ်သည်မှာ အ၀တ်လှန်းကြိုးများ ဖြစ်ပါသည်။

Iron / Iron Board
လျှော်ဖွတ်ထားသော အ၀တ်အထည်များကို သပ်သပ်ရပ်ရပ်ဖြင့် အတွန့်အကြေများကင်းစင်အောင် မီးပူဖြင့် တိုက်ပေးရပါမည်။
Ironing Board များသည် အ၀တ်အစားများအား မီးပူတိုက်နိုင်စေရန် အကူအညီပေးမည့် မီးပူတိုက်စင်များ ဖြစ်ပါသည်။ မီးပူတိုက်စင်များ၏ ထူးခြားချက်မှာ အလေးချိန်ပေါ့ပါးခြင်၊ မိမိအလိုရှိရာ အမြင့်ကိုညှိယူနိုင်ခြင်း သုံးထားသောပစ္စည်းများ၏ အရည်အသွေးမြင့်မားခြင်း၊ အောက်ခံပြားပေါ်တွင် ဆန်းပြားသော ဒီဇိုင်းပုံစံများ ပါကာ ၀ါဂွမ်းဖြင့် ပြုလုပ်ထားသော အစွပ်ပါရှိခြင်း၊ စင်ပေါ်တွင် မီးပူထားရန်နေရာပါရှိခြင်း၊ မီးပူတိုက်စင်ခြေထောက်တွင်ပါရှိသော အစွပ်ကလေးများက ကြမ်းခင်းကို မထိခိုက်နိုင်အောင် ကာကွယ်ပေးခြင်းတို့ဖြစ်ပါသည်။

 

0 Response to "How to Laundry???"

Post a Comment

powered by Blogger | WordPress by Newwpthemes | Converted by BloggerTheme